တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်

တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်
တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်

တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်

တာရာဒေ၀ီနတ်သမီးနှင့် အခြွေအရံများကျောက်ချပ်ကို သရေခေတ္တရာမြို့ဟောင်း၏ အနောက်ဘက်၊ ရွှေတံခါး မြို့ဝင်ပေါက်အနီးရှိ အဆောက်အအုံ အတွင်းမှ ရရှိသည်။ သီရိခေတ္တရာပြတိုက်တွင် ပြသထားရှိပြီး၊ အလျား (၆)ပေနှင့် (၉)လက်မ၊ အနံ (၃)ပေနှင့် (၄)လက်မ၊ ထု (၁)နှင့် (၁)လက်မ ရှိသည့် အေဒီ (၄)ရာစုမှ (၈)ရာစုအတွင်းမှ ပျူခေတ်လက်ရာတစ်ခု ဖြစ်သည်။ မဟာယာဉ်ဂိုဏ်းဆိုင်ရာ ရုပ်တစ်ခုဖြစ်ပြီး သဲကျောက်ဖြင့် ထွင်းထု ထားသော ကျောက်ဆစ် လက်ရာတစ်ခုဖြစ်သည်။ တာရာဒေ၀ီနတ်သမီးပုံ ရုပ်ကြွဖော်ထားသည်။ ကျောက်ပြားသည် နှစ်ပိုင်း
ပြတ်နေသည်။ Continue reading…

သီဟ၀ိကြမမင်း၏ ကျောက်အရိုးအိုး

သီဟ၀ိကြမမင်း၏ ကျောက်အရိုးအိုး
သီဟ၀ိကြမမင်း၏ ကျောက်အရိုးအိုး

သီဟ၀ိကြမမင်း၏ ကျောက်အရိုးအိုး

၁၉၁၁-၁၂ ခုနှစ်တွင် ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ဘုရားကြီးစေတီတော်၏ တောင်ဘက် ကိုက်(၂၀၀)ခန့်အကွာမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ အမြင့် (၂)ပေနှင့် (၁)လက်မ၊ လုံးပတ် (၅)ပေနှင့် (၃)လက်မ၊ ထု (၄)လက်မ ရှိ အေဒီ (၇၁၈) ခန့်က ပျူခေတ်လက်ရာ ကျောက်အရိုးအိုး တစ်လုံးဖြစ်ပါတယ်။
သရေခေတ္တရာ ပျူလူမျိုးတို့၏ ထုံးတမ်းဓလေ့အရ အသုံးပြုခဲ့သော အသုံးအဆောင်တစ်ခုဖြစ်ပြီး သဲကျောက်ဖြင့်ပြုလုပ်ထားသော ကျောက်ဆစ်လက်ရာ တစ်ခုဖြစ်ပါတယ်။ အိုး၏ လုံးပတ်ပေါ်တွင် ပျူဘာသာဖြင့် ကမ္ပည်းထိုးထားပါတယ်။

ဘာသာပြန်ဆိုချက်
ယင်းပျူစာများကို ဒေါက်တာစီအိုဗလက်ဒင်က ဘာသာပြန်သောအခါ “ ၈၀ ပြည့်နှစ် ၊ ၂ လ ၊ ၄ ရက်နေ့တွင် ၊ သီဟ၀ိတြမမင်း ၊ နတ်ရွာစံသည် ၊ သက်တော် ၄၄ နှစ် ၊ ၉ လ နှင့် ၂၀ ရက် ” ဟု သီဟ၀ိကြမမင်း နတ်ရွာစံသည့် ခုနှစ်၊ လ၊ ရက် တို့ကို မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာကြောင်းရေ (၁) ကြောင်းသာပါသည့်၊ အေဒီ (၇၁၈)ခုနှစ်ထိုး ပျူကျောက် အရိုးအိုးစာ ဖြစ်သည်။

ခရစ်သက္ကရာဇ်သို့ ပြောင်းလဲတွက်ချက်ခြင်း
ယင်းပျူအရိုးအိုးများရှိ ကမ္ပည်းစာများကို ရှေးဦးဖတ်ရှုသူ ဒေါက်တာဗလက်ဒင်သည် သူရိယ၀ိကြမမင်း၏ နတ်ရွာစံသောနှစ်ကို ခရစ်သက္ကရာဇ် ၆၈၈ စသည်ဖြင့် မြန်မာသက္ကရာဇ်ကို အခြေခံကာ ပြောင်းလဲပေးခဲ့သည်။ ပြောင်းလဲပုံမှာ သကနှစ်သည် ခရစ်နှစ်ထက် ၇၈ ခု ငယ်၏။ သကနှစ်ကို ခရစ်နှစ်သို့ ပြောင်းလဲလိုလျှင် ၇၈ ခု ထပ်ပေါင်းရသည်။ သကနှစ်ကို ရှာရန်ရောက်ဆဲ ကောဇာနှစ်ကို ဖြိုထားသော ခဆ ပဉ္စကိန်း ၅၆၀ ကို ထပ်ပေါင်း ရသည်။ ဒေါက်တာဗလက်ဒင်သည် ပျူအရိုးအိုး များရှိ ဂဏန်းအမှတ်အသား များကို ကောဇာနှစ်ဖြစ်သည်ဟူကား မဆိုခဲ့ပေ။ သို့သော် အဆင်ပြေမှုအတွက် (၅၆၀ + ၇၈ + ၆၃၈) ကို ယူကာ ပျူအရိုးအိုးများရှိ ခုနှစ်များကို ပေါင်း၍ ခရစ်သက္ကရာဇ် များသို့  ပြောင်းလဲပေးခဲ့ခြင်း
ဖြစ်သည်။

ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ

ပြည်မြို့၊ မှော်ဇာကျေးရွာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသော ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ
ပြည်မြို့၊ မှော်ဇာကျေးရွာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသော ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ

ပြည်မြို့၊ မှော်ဇာကျေးရွာရှိ သီရိခေတ္တရာပြတိုက်တွင် ပြသထားသော ဗောဓိသတ္တဘုရားလောင်းရုပ်ကြွ

၁၉၂၆-ခုနှစ်တွင် သရေခေတ္တရာမြို့ဟောင်းအတွင်းမှ တူးဖော်ရရှိသည်။ အလျား (၆)နှင့် (၃)လက်၊ အနံ (၄)ပေနှင့် (၂)လက်မ၊ အမြင့် (၁)ပေနှင့် (၄)လက်မ ရှိပြီး အပိုင်းပိုင်းပြတ်နေသည်။ ပျူခေတ်လက်ရာတစ်ခုဖြစ်ပြီး အေဒီ (၄)ရာစုမှ (၉)ရာစုအတွင်းတွင် ထုဆစ်ထားခြင်း ဖြစ်သည်။
မဟာယာဉ်ဂိုဏ်းဆိုင်ရာ ဗောဓိသတ္တဘုရားလောင်းရုပ်တု အပိုင်းအစဖြစ်သည်။ သဲကျောက်ဖြင့် ထုဆစ်၍ ရုပ်ကြွဖော်ထားသော ပျူခေတ်လက်ရာဖြစ်ပြီး ရုပ်ကြွသည် အပိုင်းပိုင်း ပြတ်နေသည်။ ဗောဓိသတ္တ ဘုရားလောင်းသည် စုလစ်များတပ်ဆင်ထားသော လိုဏ်အတွင်းရှိ ပလ္လင်ပေါ်၌ ညာဒူးကို ထောင်၍ ဘယ်ခြေကို တွဲလဲချလျက်ထိုင်နေသည်။ ဘယ်လက်ကို ဘယ်ဒူးပေါ်တွင် တင်ထားသည်။ ညာဘက်လက်သည် ပျောက်ဆုံးနေပြီး၊ ဘုရားလောင်းသည် မကိုဋ်၊ လက်စည်း၊ ခြေကျင်း စသည်တို့ အပြည့်အစုံ ဆင်မြန်းထားသည်ကို တွေ့ရသည်။ ဘေး၌ အခြွေအရံ (၂)ဦးပါရှိ၍ အောက်ဘက်တွင် တင်းပုတ်ကိုင်ကာစောင့်ရှောက် နေသော နတ်ဘီလူးအစောင့် (၄)ဦးကို တွေ့ရှိရသည်။
သရေခေတ္တရာခေတ်ဦးပိုင်းတွင် မဟာယာဉ်ဂိုဏ်းဗုဒ္ဓဘာသာသည် ထေရ၀ါဒဂိုဏ်းဗုဒ္ဓဘာသာနှင့် ယဉ်ပြိုင်ထွန်းကားခဲ့ကြောင်းတွေ့ရသည်။ မဟာယာဉ်ဂိုဏ်းသည် ခရစ်နှစ် (၁)ရာစုတွင် အိန္ဒိယပြည်၌ စတင်ပေါ်ပေါက် လာခဲ့ပြီး၊ ၄င်း၏ ထူးခြားသောဝါဒမှာ ဘုရားလောင်းဗောဓိသတ္တ၀ါဒဖြစ်သည်။ ၄င်းဝါဒအရ လူတိုင်းတွင် ဗောဓိသတ္တ ဘုရားလောင်း
ဖြစ်နိုင်သော စွမ်းရည်သတ္တိရှိကြောင်း ယုံကြည်ခြင်းဖြစ်၏။ ဂရုဏာ၊ မေတ္တာတရားကို ရင်ဝယ်ပိုက်လျှက် ဗောဓိသတ္တဘုရားလောင်းများသည် လောကတွင် ရှိရှိသမျှ ဝေနေယျသတ္တ၀ါများအား နိဗ္ဗာန်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည်ဟုဆို၏။ ယင်းတာဝန်မပြီးမချင်း လောကကို စောင့်ရှောက်လျှက် ရှိသည်ဟု ဆိုသည်။ ဗောဓိသတ္တဘုရားလောင်း ရုပ်တုတော်တို့တွင် သျှောင်ထုံးတော်၌ စေတီငယ် တစ်ဆူကို တွေ့ရှိရသည်။ ဤအချက်ကိုထောက်၍ ဆင်းတုတော်သည် သင်္ကန်းပင်ရုံ ထားသော်လည်း ဘုရားရုပ်ပွားတော် မဟုတ်ပဲ ဘုရားအလောင်းရုပ်ပွားတော်ဖြစ်ကြောင်း နားလည်ရသည်။

နှစ်ပေါင်း(၁၀၀၀)ကျော်က ပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး

နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး
နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး

နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး

၁၉၂၅-၂၆ ဘဏ္ဍာရေးနှစ်တွင် သရေခေတတ္တရာမြို့ဟောင်း၏တောင်ဘက် ဆင်မကိုဝန်တင်ကုန်းမှ တူးဖော်ရရှိခဲ့ပါတယ်။ ကျောက်ပလ္လင်ကြီးသည် မပျက်ဆီးမီက ပုံစံအတိုင်းရှိခဲ့ပြီး ကျောက်ပလ္လင်၏ အ၀န်းမှာ (၂၉)ပေနှင့် (၁၀)လက်မ၊ အချင်း (၉)ပေနှင့် (၆)လက်မ၊ အမြင့် (၂)ပေနှင့် (၄)လက်မ ရှိသည်။ ၁၉၂၅-၂၆ ခုနှစ်က တူးဖော်ခဲ့ရာတွင် ယခုပြသထားသည့် ပုံစံအတိုင်း ၄ စိတ်ကွဲနေသော ပလ္လင်ကိုသာ တူးဖော်ရရှိခဲ့ပါသည်။

အေဒီ (၄)ရာစု မှ (၉)ရာစု အတွင်း၌ ထုဆစ်ထားသော ပျူခေတ် ကျောက်ဆစ်လက်ရာ သဲကျောက်ပလ္လင်တစ်ခုဖြစ်သည်။ ကျောက်ပလ္လင်၏အောက်ခြေပတ်လည်တွင် ပန်းခက်ပန်းနွယ်များအား အကွက်အလိုက် သေသပ်လှပစွာ ပုံဖော်ထားသည်။

နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး

နှစ်ပေါင်း(၁၀၀၀)ကျော်ကပျူခေတ်လက်ရာ ဗုဒ္ဓကျောက်ပလ္လင်တော်ကြီး

ပျူယဉ်ကျေးမှုကို ခေတ်ပြိုင် တရုတ်ရှေးဟောင်းသမိုင်းမှတ်တမ်းများအနက် အေဒီ (၈၆၄)တွင် သမိုင်းပညာရှင် ဖန်ချော့ ရေးသားပြုစုခဲ့ပြီး အခန်း (၁၀)ခန်းပါဝင်သည့် မန်ချူကျမ်း (Man Chu (or) Man Shu (or) နန်စော) နိုင်ငံ၏ သမိုင်းဦးဆောင်ကျမ်း အခန်း (၁၀)တွင် ပျူနိုင်ငံ (မြို့တော်သည်) အရိုင်းတို့၏ ယွန်းချန်းမြို့ (Yung Chang) ၏ တောင်ဘက် ခရီးထောက် ခုနှစ်ဆယ့်ငါးရက်အကွာတွင် ရှိသည်။ ထိုနိုင်ငံတွင် ငွေဒင်္ဂါးကို သုံးကြသည်။ ညိုမဲရောင်အုတ်ဖြင့် စက်ဝိုင်းပုံမြို့ရိုးကို တည်ဆောက်သည်။ မြို့တံခါးပေါက် (၁၂)ခုရှိသည်။ ဘုရင့်နန်းတော်ရှေ့တွင် ရုပ်ပွားတော် (၁)ဆူရှိသည်။ လဟာပြင်တွင် တင်ပြင်ခွေ ထိုင်တော်မူသည်။ ဥာဏ်တော် ပေပေါင်း (၁၀၀)ကျော်ရှိ၏ အမွှေးအကြိုင်ကို မီးရှို့စေပြီး အမှားအမှန်ကို စဉ်းစားဆင်ခြင်စေသည်။ ထို့နောက် နှစ်ဦးနှစ်ဘက် နောက်ဆုတ်သွားတော့သည်။ ကပ်ရောဂါကျရောက်သည့်အခါနှင့် တိုင်းရေးပြည်မှု မအေးချမ်းမငြိမ်သက်သောအခါ ဘုရင်မင်းမြတ်သည် ရုပ်ပွားတော်ရှေ့မှောက်၌ အမွှေးအကြိုင်ကို မီးရှို့စေပြီး မိမိကိုယ်ကို အပြစ်တင်၍ မိမိမှားယွင်းကြောင်း ၀န်ခံသည်ဟု ပါရှိသည်။